Monday, July 30, 2018

ကိုယ်ဝန်ရှိနေတဲ့ ဆိတ်မကိုတောင် အလွတ်မပေးပဲ အဓမ္မကျင့်ခဲ့တဲ့လူ(၈)ယောက် အဖမ်းခံရ

အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ မီဝါ့တ်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်က တကယ့်ကို ဆိုးရွားတဲ့ ကိစ္စပါပဲ။ ဒီကိစ္စဟာ ဘယ်လိုမှ စိတ်ကူးယဉ်ကြည့်လို့ မရတဲ့ ကိစ္စမျိုးဖြစ်သလို တိရိစ္ဆာန်တစ်ကောင်ကို အဓမ္မကျင့်ခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်ဟာ တကယ့်ကို အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆဗာကာ၊ ဟရွန်၊ ဂျက်ဖာနဲ့ အခြားလူ (၅) ဦးက ကိုယ်ဝန်ရှိနေတဲ့ ဆိတ်မတစ်ကောင်ကို အဓမ္မကျင့်ခဲ့တယ်ဆိုပြီး အဖမ်းခံလိုက်ရပါပြီ။ ဆိတ်မရဲ့ ပိုင်ရှင်ဖြစ်တဲ့ အက်စ်လူ က ရဲစခန်းကိုရောက်လာခဲ့ပြီး သူ့ရဲ့ကိုယ်ဝန်ရှိနေတဲ့ ဆိတ်မကို ဆဗာကာနဲ့အပေါင်းအသင်းတွေက အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ တိုင်ကြားခဲ့တာပါ။

mewat10_1473320399.jpg.indiatimes

အဲဒီနောက်မှာ သေဆုံးနေတဲ့ ဆိတ်ကို ပြည်နယ်ဆေးရုံရဲ့ဓာတ်ခွဲခန်းဆီ ပို့ဆောင်ခဲ့ပြီးနောက် ဆဗာကာနဲ့ အပေါင်းအသင်းတွေဟာ ဒီဖြစ်ရပ်ကို တကယ်ကျူးလွန်ခဲ့ကြကြောင်း အဖြေထွက်လာခဲ့ကြပါတယ်။

ရဲတွေကတော့ ဒီလူ (၈) ဦးကို ပုံမှန်မဟုတ်တဲ့ ပြစ်မှု၊ တပါးသူရဲ့အကျိုးစီးပွားကိုဖျက်ဆီးမှု၊ စတာတွေနဲ့ အမှုဖွင့်ထားခဲ့ပြီး လက်ရှိအချိန်မှာ အားလုံးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ ရဲအရာရှိ ဗီပင်ကူးမား က “ကျွန်တော်တို့အနေနဲ့ ဒီလူတွေ တကယ်လုပ်ခဲ့ကြတယ်လို့ ယုံကြည်နေပါတယ်။ ဆိတ်က ဒဏ်ရာပေါင်းများစွာနဲ့ သေဆုံးနေပြီး ဆေးရုံမှာ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပြီးပါပြီ။ ဓာတ်ခွဲခန်းက အဖြေထွက်လာရင်တော့ ပိုပြီးတိတိကျကျသိရပါလိမ့်မယ်” လို့ ဆိုပါတယ်။

goat_raped_gang_haryana_1532844783_725x7.indiatimes

ဇူလိုင် (၂၅) ရက်နေ့ ညမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်က ဆိတ်ပိုင်ရှင် အက်စ်လူနဲ့ သူ့ရဲ့အိမ်နီးချင်းတွေကို စိတ်ပျက်စေခဲ့ပြီး အက်စ်လူအနေနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ဆိတ်ကို ဇူလိုင် (၂၆)ရက်မှာတွေ့ခဲ့ရတာပါ။ အဲဒီမတိုင်ခင်မှာတော့ အက်စ်လူနဲ့ ဆာဗာကာတို့အဖွဲ့ဟာ မြေနေရာနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေဖြစ်ခဲ့တာကြောင့် အက်စ်လူအနေနဲ့ သူ့ရဲ့ဆိတ်သေဆုံးရခြင်းဟာ ဆာဗာကာတို့ လက်ချက်ပဲလို့ ယူဆပြီး ရဲတပ်ဖွဲ့ကို တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အချိန်မှာတော့ ဆာဗာကာ တို့အဖွဲ့ထဲက (၃) ဦးက သူတို့ အပြစ်ကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပြီး ကျန်တဲ့သူတွေကတော့ ငြင်းဆန်နေခဲ့ကြပါတယ်။

goat_raped_1532843095_725x725-e153292643.indiatimes

ရဲတပ်ဖွဲ့ကတော့ ဓာတ်ခွဲခန်းက ထွက်လာတဲ့အဖြေကို စောင့်နေပြီး တိရိစ္ဆာန်တစ်ကောင်ကိုတောင် အလွတ်မပေးပဲ ရက်စက်ခဲ့ကြသူတွေကို ထိုက်သင့်တဲ့အပြစ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

Linn

Source : indiatimes

0 comments:

Post a Comment