Tuesday, July 31, 2018

မသန္စြမ္းသူ အမ်ဳိးသမီးတစ္ဦးကုိ ၾကက္ဥ ေတြနဲ႕ပစ္ေပါက္ ဓာတ္ပုံရုိက္ပုံတင္ခဲ႕တဲ႕လူငယ္မ်ားဖမ္းခံရ


Zawgyiျဖင့္ဖတ္ရန္

မသန္စြမ္းသူ အမ်ဳိးသမီးတစ္ဦး နွင့္အတူ ဆက္ေက်ာ္သက္အရြယ္ ေကာင္ေလးေတြ ပုိစ့္ေပးထားတဲ႕ပုံတစ္ပုံဟာ လတ္တေလာ အင္တာနက္က လူေျပာအမ်ားဆုံးပုံတစ္ပုံျဖစ္ေနပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ ေကာင္ေလး ေလးေယာက္ဟာ မသန္စြမ္းသူ အမ်ဳိးသမီး တစ္ေယာက္ကုိ ၾကက္ဥေတြနဲ႔ပစ္ေပါက္ျပီး ညစ္ေပေနတဲ႕ အဲ႕ဒီအမ်ဳိးသမီးကုိ ေရွ႕ကထားကာ ပုံရုိက္ျပီး အင္တာနက္လူမူကြန္ယက္ေပၚတင္လုိက္ျပီးတဲ႕ေနာက္ လူငယ္ေလးေယာက္ အဖမ္းခံခဲ႕ရတယ္လို႕သိရပါတယ္။

ပုံထဲမွာေတာ့ ပန္္းျခံတစ္ခုထဲကထုိင္ခုံေပၚမွာ ၾကက္ဥနဲ႕ပစ္ေပါက္ခံထားရတဲ႕ မသန္စြမ္းသူ အမ်ဳိးသမီးက ထုိင္ေနျပီး ေနာက္မွာေတာ့ ဆက္ေက်ာ္သက္ေကာင္ေလး ေလးေယာက္ျပဳံးေပ်ာ္ေနၾကတဲ႕ပုံျဖစ္ပါတယ္။ အင္တာနက္လူမူကြန္ယက္မွာ အဲ႕ဒီပုံ ျပန္႕နွံ႕သြားတဲ႕အခ်ိန္မွာေတာ့ အင္တာနက္အသုံးျပဳသူေတြက အဲ႕ဒီေကာင္ေလးေတြဟာ Suffolk ျမဳိ႕မွာ သူတုိ႕လူငယ္ေလးေယာက္ အၾကမ္းဖက္ ေနၾကတာ ရက္သတၱပတ္အေတာ္ၾကာျပီျဖစ္တယ္လို႕ဆုိိပါတယ္။ ၾကက္ဥေတြနဲ႕ပစ္ေပါက္ခံထားရတဲ႕ အမ်ဳိးသမီးကေတာ့ အသက္ ေလးဆယ္ဝန္းက်င္ ခန္႕ရွိျပီး စိတ္က်န္းမာေရးျပႆနာ ေတြမ်ားစြာ ခံစားေနရသူတစ္ဦးလဲျဖစ္ပါတယ္။

မ်က္ျမင္သက္ေသတစ္ဦးကေတာ့ အဲ႕ဒီအမ်ဳိးသမီးဟာ ပန္းျခံထဲကုိေရာက္လာျပီး လူငယ္ေကာင္ေလးေတြကုိ ေအာ္ဟစ္ခဲ႕ပါတယ္။ အဲ႕ဒီေနာက္ လူငယ္ေကာင္ေလးေတြက ၾကက္ဥေတြနဲ႕ သူမကုိ ပစ္ေပါက္ခဲ႕ၾကတယ္လို႕ဆုိပါတယ္။ Suffolk ျမဳိ႕ရဲ႕ ရဲအရာရွိေတြကေတာ့ သူမဟာ ၾကက္ဥေတြနဲ႔ပစ္ေပါက္ခံရျပီးေနာက္ ဝမ္းနည္းစြာ က်န္ရစ္ခဲ႕ေပမယ့္ ရုပ္ပုိင္းဆုိင္ရာထိခုိက္မူေတာ့မရွိခဲ႕ဘူးလုိ႕ဆုိပါတယ္။

ေကာင္ေလးေတြရဲ႕အသက္ကေတာ့ နွစ္ေယာက္ ၁၇ နွစ္ျဖစ္ျပီး က်န္နွစ္ေယာက္က ၁၅ နွစ္အရြယ္ေတြျဖစ္ၾကျပီး ျမဳိ႕ခံရဲ႕အရာရွိေတြက ဖမ္းဆီးထားတယ္လုိ႕သိရပါတယ္။ ဒီအမူကုိ စစ္ေဆးသူ အန္သုိနီဘရစ္ဂလန္ ကေတာ့ “ဒီလုိအျပဳမူမ်ဳိးဟာ လုံးဝ လက္ခံနုိင္ဖြယ္ရာမရွိပါဘူး။ ျပီးေတာ့ ဒီကိစၥကို ကၽြန္ေတာ္တို႕ေသေသခ်ာခ်ာ စစ္ေဆးေနပါတယ္။ ဒီကိစၥျဖစ္လာရတာဟာ ေၾကာင့္ ေဒသခံလူမူအသုိင္းဝုိင္းနဲ႕ အင္တာနက္အသုံးျပဳသူေတြၾကားမွာ ေဒါသျဖစ္ဖြယ္ေတြ ျဖစ္ေကာင္းျဖစ္သြားနုိင္တာကၽြန္္ေတာ္တုိ႕သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ဒီကိစၥကုိ စိတ္ေရာ ကုိုယ္ပါနွစ္ျပီး ေဆာင္ရြက္ ေနတယ္ဆုိတာ လူတုိင္းကုိသိေစခ်င္ပါတယ္။” လုိ႕ေျပာၾကားခဲ႕ပါတယ္။
Unicodeဖြင့်ဖတ်ရန်

မသန်စွမ်းသူ အမျိုးသမီးတစ်ဦး နှင့်အတူ ဆက်ကျော်သက်အရွယ် ကောင်လေးတွေ ပိုစ့်ပေးထားတဲ့ပုံတစ်ပုံဟာ လတ်တလော အင်တာနက်က လူပြောအများဆုံးပုံတစ်ပုံဖြစ်နေပါတယ်။

ဆယ်ကျော်သက်အရွယ် ကောင်လေး လေးယောက်ဟာ မသန်စွမ်းသူ အမျိုးသမီး တစ်ယောက်ကို ကြက်ဥတွေနဲ့ပစ်ပေါက်ပြီး ညစ်ပေနေတဲ့ အဲ့ဒီအမျိုးသမီးကို ရှေ့ကထားကာ ပုံရိုက်ပြီး အင်တာနက်လူမူကွန်ယက်ပေါ်တင်လိုက်ပြီးတဲ့နောက် လူငယ်လေးယောက် အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

ပုံထဲမှာတော့ ပန်းခြံတစ်ခုထဲကထိုင်ခုံပေါ်မှာ ကြက်ဥနဲ့ပစ်ပေါက်ခံထားရတဲ့ မသန်စွမ်းသူ အမျိုးသမီးက ထိုင်နေပြီး နောက်မှာတော့ ဆက်ကျော်သက်ကောင်လေး လေးယောက်ပြုံးပျော်နေကြတဲ့ပုံဖြစ်ပါတယ်။ အင်တာနက်လူမူကွန်ယက်မှာ အဲ့ဒီပုံ ပြန့်နှံ့သွားတဲ့အချိန်မှာတော့ အင်တာနက်အသုံးပြုသူတွေက အဲ့ဒီကောင်လေးတွေဟာ Suffolk မြို့မှာ သူတို့လူငယ်လေးယောက် အကြမ်းဖက် နေကြတာ ရက်သတ္တပတ်အတော်ကြာပြီဖြစ်တယ်လို့ဆိုပါတယ်။ ကြက်ဥတွေနဲ့ပစ်ပေါက်ခံထားရတဲ့ အမျိုးသမီးကတော့ အသက် လေးဆယ်ဝန်းကျင် ခန့်ရှိပြီး စိတ်ကျန်းမာရေးပြဿနာ တွေများစွာ ခံစားနေရသူတစ်ဦးလဲဖြစ်ပါတယ်။

မျက်မြင်သက်သေတစ်ဦးကတော့ အဲ့ဒီအမျိုးသမီးဟာ ပန်းခြံထဲကိုရောက်လာပြီး လူငယ်ကောင်လေးတွေကို အော်ဟစ်ခဲ့ပါတယ်။ အဲ့ဒီနောက် လူငယ်ကောင်လေးတွေက ကြက်ဥတွေနဲ့ သူမကို ပစ်ပေါက်ခဲ့ကြတယ်လို့ဆိုပါတယ်။ Suffolk မြို့ရဲ့ ရဲအရာရှိတွေကတော့ သူမဟာ ကြက်ဥတွေနဲ့ပစ်ပေါက်ခံရပြီးနောက် ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မူတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။

ကောင်လေးတွေရဲ့အသက်ကတော့ နှစ်ယောက် ၁၇ နှစ်ဖြစ်ပြီး ကျန်နှစ်ယောက်က ၁၅ နှစ်အရွယ်တွေဖြစ်ကြပြီး မြို့ခံရဲ့အရာရှိတွေက ဖမ်းဆီးထားတယ်လို့သိရပါတယ်။ ဒီအမူကို စစ်ဆေးသူ အန်သိုနီဘရစ်ဂလန် ကတော့ “ဒီလိုအပြုမူမျိုးဟာ လုံးဝ လက်ခံနိုင်ဖွယ်ရာမရှိပါဘူး။ ပြီးတော့ ဒီကိစ္စကို ကျွန်တော်တို့သေသေချာချာ စစ်ဆေးနေပါတယ်။ ဒီကိစ္စဖြစ်လာရတာဟာ ကြောင့် ဒေသခံလူမူအသိုင်းဝိုင်းနဲ့ အင်တာနက်အသုံးပြုသူတွေကြားမှာ ဒေါသဖြစ်ဖွယ်တွေ ဖြစ်ကောင်းဖြစ်သွားနိုင်တာကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဒီကိစ္စကို စိတ်ရော ကိုယ်ပါနှစ်ပြီး ဆောင်ရွက် နေတယ်ဆိုတာ လူတိုင်းကိုသိစေချင်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

From Mingalarbar Morning


0 comments:

Post a Comment