Monday, July 30, 2018

ဓမ္မတာလာစဉ်သုံးဖို့ ဂွမ်းထုတ်အပြင် ဒီပစ္စည်း (၄) မျိုးထုတ်လုပ်ထားတာ သင်သိပါသလား

sgaq-696x447.jpg
Hannahpad-Medium-Cloth-Pad-384x460-351x4
(၂) ရာသီခံဘောင်းဘီ
Bakgat-Regular-Period-Panties-Bikini-460
(၃) ရာသီခံခွက်
PinkCup-Menstrual-Cup-460x325.jpg
(၄) ရာသီခံဖော့
Woman-Kind-Menstrual-Sponges.jpg

Credit: Em Em
# Unicode Version ဖြင့် ဖတ်ပါ #
အမျိုးသမီးများ ဓမ္မတာလာစဉ်မှာ အများဆုံးအသုံးပြုကြတာကတော့ တစ်ခါသုံး ဂွမ်းထုတ်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဓမ္မတာလာစဉ်မှာ အသုံးပြုဖို့ထုတ်လုပ်ထားတာ ဂွမ်းထုတ်အပြင် အခြားပစ္စည်း (၅) မျိုးလည်း ရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ပြန်အသုံးပြုလို့ရတဲ့ Pad

ဒါကတော့ ရှေးယခင် အဖွားတွေခေတ်တုန်းက အသုံးပြုခဲ့တဲ့ Pad ကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီပစ္စည်းလေးဟာ အရွယ်အစားအမျိုးမျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး စုပ်ယူမှုအားကောင်းသလို၊လျှော်ပြီး ပြန်အသုံးပြုလို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။
(၂) ရာသီခံဘောင်းဘီ

ဒါကတော့ ဘောင်းဘီမှာ Pad တစ်ခါတည်း တွဲပြီးထည့်ပြီးသားဖြစ်ပါတယ်။ ဒီလိုအမျိုးအစားဟာ သက်တောင့်သက်သာအရမ်းရှိတဲ့အပြင် လျှော်ပြီးပြန်အသုံးပြုလို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။
(၃) ရာသီခံခွက်

ရာသီခံခွက်တွေဟာ တစ်နေ့တစ်ခြားလူသုံးများလာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ရာသီခံခွက်တွေဟာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ လာပြီး တစ်ခုကို (၁၀) နှစ်အထိအသုံးပြုလို့ရပါတယ်။ ဆီလီကွန်နဲ့ပြုလုပ်ထားတာဖြစ်ပြီး ပျော့ပျောင်းကာ မိန်းမကိုယ်ထဲမှာ အလွယ်တကူထည့်လို့ရပါတယ်။ ဓာတုပစ္စည်းတွေမပါဝင်တဲ့အပြင် တစ်နေကုန် တပ်ထားလို့ရပါတယ်။
(၄) ရာသီခံဖော့

ဒီပစ္စည်းလေးကတော့ အပေါ်ကပစ္စည်းတွေလောက်တော့ လူသိမများပါဘူး။ ဒါပေမယ့် ဒီဖော့လေးတွေဟာ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျပြီး စုပ်ယူမှုအားလည်း ကောင်းသလို၊ လျှော်ဖွပ်ရလည်း အရမ်းလွယ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Em Em


0 comments:

Post a Comment