Tuesday, July 31, 2018

ေအာင္ရဲေထြး အမွုကိစၥအတြက္ ရွင္းလင္းခ်က္ ထုတ္ျပန္လိုက္တဲ့ ဦးေဇာ္ေဌး

Zawgyi

သ႐ုပ္ေဆာင္ေအာင္ရဲေထြး အမွုအား ႐ုပ္သိမ္းခဲ့ျခင္းႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းခ်က္တစ္ခုကို နိုင္ငံေတာ္သမၼတ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ယခုနာရီပိုင္းအတြင္းမွာ ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။လူမွုကြန္ရက္တြင္ ဟာသဗီဒီယိုမ်ားျဖင့္ လူသိမ်ားသူ သ႐ုပ္ေဆာင္ေအာင္ရဲေထြး ေသဆုံးမွုႏွင့္ ပတ္သက္ၿပီး ရာဇဝတ္က်င့္ထုံးဥပေဒ ၄၉၄(က)အရ အမွုကို ႐ုပ္သိမ္းခြင့္ ျပဳခဲ့တဲ့ ရန္ကုန္ အေရွ႕ပိုင္းခရိုင္တရား႐ုံးရဲ့ ဇူလိုင္လ ၂၅ ရက္ေန႔ အမိန႔္ခ်မွတ္မွုနဲ႔ ပတ္သက္ၿပီး နိုင္ငံေတာ္သမၼတႀကီးကေရာ၊ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကပါ စိစစ္ေမးျမန္းမွုေတြ ျပဳလုပ္ခဲ့တယ္လို႔ဆိုပါတယ္။

ဒီလို စိစစ္ေမးျမန္းရာမွာ ေတြ႕ရွိခဲ့ရတာေတြက ဒီလိုပါ

(၁) ရန္ကုန္အေရွ႕ပိုင္းခရိုင္တရား႐ုံး ၂၀၁၈ ခုႏွစ္၊ရာဇဝတ္မွုႀကီးအမွတ္ ၃၄

တရားလို ျဖစ္တဲ့ ကိုသန႔္ဇင္ဦးႏွင့္ တရားခံ သန္းထြဋ္ေအာင္ ပါ (၃) ရာဇသတ္ႀကီးပုဒ္မ၃၀၂အရ စြဲဆိုမွု႐ုပ္သိမ္းလႊာတင္ျပသူမ်ားမွာ ေသဆုံးသူေအာင္ရဲထြးရဲ့ အစ္ကိုကိုသန႔္ဇင္ဦး၊ ေသဆုံးသူ၏ဖခင္ ဦးျမင့္ဦး၊ ေသဆုံးသူ၏မိခင္ ေဒၚသန္းသန္းေထြးနဲ႔ ေသဆုံးသူ၏အစ္ကို ေနဇင္လတ္တို႔ပဲ ျဖစ္ပါတယ္။ ႐ုပ္သိမ္းလႊာကို တရားလို ကိုသန႔္ဇင္ဦးနဲ႔ နစ္နာသူမိသားစုက တင္ျပလာတာ ျဖစ္ပါတယ္။

(၂) ကာယကံရွင္ မိသားစုဝင္မ်ားက ႐ုပ္သိမ္ူးလႊာ တင္ျပတဲ့အျပင္ တရားလိုၿပ သက္ေသေတြကို စစ္ေဆးေမးျမန္းတဲ့အခါမွာ ၁၄ ဦးရဲ့ ထြက္ဆိုခ်က္ေတြမွာ ခိုင္လုံတဲ့ သက္ေသထြက္ဆိုခ်က္ ေပၚေပါက္ျခင္း မရွိတဲ့အတြက္ (ရိုက္ႏွက္မွု ျဖစ္ပြားစဥ္မွာ ရွိေနတဲ့ သက္ေသေတြကိုယ္တိုင္က မည္သူမည္ဝါ ဆိုၿပီး အတည္ျပဳေျပာၾကားျခင္း မရွိၾကပါ) တိုင္းေဒသႀကီး ဥပေဒခ်ဳပ္က အမွုကို ႐ုပ္သိမ္းဖို႔ ႐ုပ္သိမ္းလႊာ တင္သြင္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရပါတယ္။

 

c21734c10850eb4da99b027a5570cf8a0c0f7116

…..

288da173564fe2e8a63cf6261b893bf8adb491b9

သို႔ေသာ္လည္း ဒီလိုေဆာင္ရြက္ခ်က္ေတြေၾကာင့္ လူေသမွု/လူသတ္မွုေတြကို ဒီလိုမ်ိဳး ႐ုပ္သိမ္း လႊတ္ေပးရသလား ဆိုၿပီး ျမန္မာနိုင္ငံရဲ့ တရားစီရင္ေရးနဲ႔ ႐ုပ္သိမ္းလႊာတင္တဲ့ တာဝန္ရွိသူေတြကို ေဝဖန္ ျပစ္တင္မွုေတြ က်ယ္က်ယ္ ေလာင္ေလာင္ ျဖစ္ေပၚေနတဲ့အတြက္ –

(၁) ဒီအမွုနဲ႔ ပတ္သက္ၿပီး အေရွ႕ပိုင္းခရိုင္တရား႐ုံးက စြဲခ်က္ မတင္မီ လႊတ္တဲ့အမိန႔္ခ်မွတ္ထားတာ ျဖစ္တဲ့အတြက္ အေရွ႕ပိုင္းခရိုင္တရား႐ုံးရဲ့ အမိန႔္ကို ပယ္ဖ်က္ေပးဖို႔၊ အမွုကို ဆက္စစ္ေဆးဖို႔ တိုင္းေဒသႀကီး တရားလႊတ္ေတာ္ကို တင္ျပဖို႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးက တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ထံ ဒီကေန႔ ညႊန္ၾကားလိုက္ပါတယ္။

(၂) ဒီကေန႔(သို႔မဟုတ္) မနက္ျဖန္မွာ တိုင္းေဒသႀကီး ဥပေဒခ်ဳပ္က တိုင္းေဒသႀကီး တရားလႊတ္ေတာ္ကို ျပင္ဆင္ခ်က္ တင္သြင္းမွာ ျဖစ္ပါတယ္။ ဒီလို “စြဲခ်က္မတင္မီ လႊတ္တဲ့အမိန႔္ကို ပယ္ဖ်က္ေပးဖို႔” ျပင္ဆင္ခ်က္ ျဖစ္ပါတယ္။ (ခရိုင္တရား႐ုံးက အမိန႔္ခ်မွတ္ထားတာ ျဖစ္တဲ့အတြက္ တိုင္းေဒသႀကီး တရားလႊတ္ေတာ္ကို တင္သြင္းရျခင္း ျဖစ္ပါတယ္။

 

88b67eb14a90b0dfd80d11043bf892df5694c71e

(၃) တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ (တရားလိုပြ သက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦး ထွက်ဆိုချက် ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမှာပါ။)

ဦးေဇာ္ေဌး က တရားခံေတြ နိုင္ငံျခားကို ေရာက္ေနတယ္ ဆိုတဲ့ ေကာလဟာလေတြကို လည္း အခုလိုရွင္းျပခဲ့ပါတယ္။

ဒီေနရာမွာ ျပည္ပထြက္သြားၿပီ၊ မရွိေတာ့ဘူး ဆိုတဲ့ ေမးခြန္းေတြလည္း ရွိေနပါတယ္။ ဒါေတြနဲ႔ ပတ္သက္လို႔ အစိုးရအေနနဲ႔ နိုင္ငံတကာရဲတပ္ဖြဲ႕နဲ႔ နိုင္ငံခ်င္း ပူးေပါင္းေဆာင္ရြက္မွုေတြကတစ္ဆင့္ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့တဲ့ သာဓကေတြ ရွိတဲ့အတိုင္း ဆက္လက္ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ရွင္းလင္း တင္ျပလိုပါတယ္ ဆိုၿပီးေရးသားထားတာကို ေတြ႕ရပါတယ္ ။ ပရိသတ္ႀကီးေရ ေအာင္ရဲေထြးရဲ့ အရိုးတြန္သံ တကယ္ ျဖစ္လာခဲ့ၿပီလား…………. အမွုမွန္ ေပၚေပါက္ဖို႔ဝိုင္းဝန္းဆုေတာင္းေပးၾကပါဦးေနာ္။

Source – Zaw Htay

Unicode

သရုပ်ဆောင်အောင်ရဲထွေး အမှုအား ရုပ်သိမ်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်တစ်ခုကို နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယခုနာရီပိုင်းအတွင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လူမှုကွန်ရက်တွင် ဟာသဗီဒီယိုများဖြင့် လူသိများသူ သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ အမှုကို ရုပ်သိမ်းခွင့် ပြုခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ အမိန့်ချမှတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးကရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီလို စိစစ်မေးမြန်းရာမှာ တွေ့ရှိခဲ့ရတာတွေက ဒီလိုပါ

(၁) ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ၂၀၁၈ ခုနှစ်၊ရာဇဝတ်မှုကြီးအမှတ် ၃၄

တရားလို ဖြစ်တဲ့ ကိုသန့်ဇင်ဦးနှင့် တရားခံ သန်းထွဋ်အောင် ပါ (၃) ရာဇသတ်ကြီးပုဒ်မ၃၀၂အရ စွဲဆိုမှုရုပ်သိမ်းလွှာတင်ပြသူများမှာ သေဆုံးသူအောင်ရဲထွးရဲ့ အစ်ကိုကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ဖခင် ဦးမြင့်ဦး၊ သေဆုံးသူ၏မိခင် ဒေါ်သန်းသန်းထွေးနဲ့ သေဆုံးသူ၏အစ်ကို နေဇင်လတ်တို့ပဲ ဖြစ်ပါတယ်။ ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူမိသားစုက တင်ပြလာတာ ဖြစ်ပါတယ်။

(၂) ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်ူးလွှာ တင်ပြတဲ့အပြင် တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၁၄ ဦးရဲ့ ထွက်ဆိုချက်တွေမှာ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သက်သေတွေကိုယ်တိုင်က မည်သူမည်ဝါ ဆိုပြီး အတည်ပြုပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု/လူသတ်မှုတွေကို ဒီလိုမျိုး ရုပ်သိမ်း လွှတ်ပေးရသလား ဆိုပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန် ပြစ်တင်မှုတွေ ကျယ်ကျယ် လောင်လောင် ဖြစ်ပေါ်နေတဲ့အတွက် –

(၁) ဒီအမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက် မတင်မီ လွှတ်တဲ့အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပြဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။

(၂) ဒီကနေ့(သို့မဟုတ်) မနက်ဖြန်မှာ တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီလို “စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့” ပြင်ဆင်ချက် ဖြစ်ပါတယ်။ (ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။

(၃) တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ (တရားလိုပြ သက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦး ထွက်ဆိုချက် ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမှာပါ။)

ဦးဇော်ဌေး က တရားခံတွေ နိုင်ငံခြားကို ရောက်နေတယ် ဆိုတဲ့ ကောလဟာလတွေကို လည်း အခုလိုရှင်းပြခဲ့ပါတယ်။

ဒီနေရာမှာ ပြည်ပထွက်သွားပြီ၊ မရှိတော့ဘူး ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ် ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ် ။ ပရိသတ်ကြီးရေ အောင်ရဲထွေးရဲ့ အရိုးတွန်သံ တကယ် ဖြစ်လာခဲ့ပြီလား…………. အမှုမှန် ပေါ်ပေါက်ဖို့ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်။

Source – Zaw Htay


0 comments:

Post a Comment