Tuesday, July 31, 2018

၁၆ ေပရွည္သည့္ စပါးအံုးေျမြၾကီးတစ္ေကာင္ အပါအဝင္ ေျမြ ၁၆ ေကာင္ႏွင့္ အတူေနသည့္ မိန္းကေလး


Zawgyiျဖင့္ဖတ္ရန္

ဇီးဟု အမည္ရေသာ မိန္းကေလးသည္ အသက္ ၁၄ ႏွစ္အရြယ္ကပင္ အိမ္ေမြးတိရ စၦာန္ဆိုင္တစ္ခု၌ ေျမြတစ္ေကာင္ကို ေတြ႔ခဲ့ျပီး ဝယ္ယူကာ ေနအိမ္သို႔ သယ္ေဆာင္လာခဲ့သည္။

var _abdm = _abdm || [];_abdm.push(["1493109958","InPage","1525072842","InPage_1525072842"]);'+'ipt>'+'ipt>'); }else{ //ambient pc code }

ယခုအခါ တိရ စၦာန္သူနာျပဳတစ္ဦးအျဖစ္ သင္တန္းတက္ထားျပီးျဖစ္ကာ အသက္ ၂၁ ႏွစ္ရွိျပီျဖစ္ေသာ ဇီး၏ အိပ္ခန္းအတြင္း ေျမြေပါင္း ၁၆ ေကာင္ ပိုင္ဆိုင္ထားျပီ ျဖစ္သည္။

ေမြးျမဴထားသည့္ ေျမြမ်ားတြင္ အျမတ္ႏိုးဆံုးမွာ ၁၆ ေပရွည္လ်ားသည့္ စပါးအံုးေျမြၾကီးႏွင့္ အဝါေရာင္စပါးၾကီးေျမြတို႔ျဖစ္သည္ဟု ဆိုသည္။

အၾကိမ္ေပါင္းမ်ားစြာ ေျမြကိုက္ခံခဲ့ရေသာ္လည္း ဇင္းက သူခ်စ္ေသာတိရ စၦာန္ကေလးမ်ားသည္ သူ႔အား ဆိုးဆိုးရြားရြားထိခိုက္ နာက်င္ေအာင္ ျပဳလုပ္လိမ့္မည္မဟုတ္ဟု ယံုၾကည္လ်က္ရွိသည္။

“ကၽြန္မ ရက္သတၱပတ္တိုင္းနီးပါး အကိုက္ခံရပါတယ္” ဟု ဇီးက ေျပာၾကားသည္။

ေျမြကိုက္ေနျပီဆိုလွ်င္ ထြက္သြားေစလိုပါက အရက္ကို အသံုးခ်ျခင္းသည္ အေကာင္းဆံုးျဖစ္ျပီး ၎တို႔၏ ဦးေခါင္းမ်ားကို ေရေအာက္သို႔ ႏွစ္ထားရေၾကာင္း ဇီးက ဆိုသည္။

“ေျမြက အေကာင္ေသးတယ္ဆိုရင္ ခဏေလာက္ပဲ ေစာင့္ေနပါ။ ခဏေနရင္ မကိုင္ေတာ့ဘဲ သူ႔ဟာသူ ထြက္သြားပါတယ္။ ေျမြေတြဟာ ရွင္တို႔ကို သတ္မယ့္သတၱဝါေတြ မဟုတ္ပါဘူး။ သူတို႔ဟာ သိပ္ကို ေၾကာက္တတ္ၾကပါတယ္။ ကၽြန္မအခ်စ္ဆံုး အသည္းေက်ာ္မေလးကေတာ့ စကားလက္လို႔ နာမည္ေပးထားတဲ့ စပါးအံုးေျမြမေလးပါ။ သူက ကၽြန္မရဲ ႔ ေပ်ာ္ရႊင္မႈ၊ ကၽြန္မရဲ ႔ဂုဏ္ပုဒ္တစ္ခုပါ။ သူ႔ကို ကိုင္တြယ္ဖို႔က ေယာက်္ားၾကီး ၂ ေယာက္ေလာက္ လုပ္ရမယ့္ အလုပ္မ်ဳိးပါ။ ဒါကို ကၽြန္မတစ္ေယာက္ထဲ ခ်ီမရတာ တကယ့္ရုန္းကန္ရတဲ့ ကိစၥတစ္ခုပါ” ဟု ဇီးက ေျပာၾကားသည္။

ဇီးက အေကာင္ၾကီးေသာ ေျမြမ်ားကို စၾကၤန္လမ္းတြင္ မၾကာခဏလႊတ္ေပးေလ့ရွိသည္။ စၾကၤန္တြင္ဆိုလွ်င္ ေျမြအေကာင္ၾကီးမ်ားမွာ ၎တို႔ႏွစ္သက္သလို လြတ္လပ္စြာ သြားလာႏိုင္ၾကသည္။

ေျမြၾကီးမ်ားသည္ နံရံမ်ားေပၚႏွင့္ ၾကမ္းခင္းမ်ားေအာက္သို႔ ဝင္သြားေလ့ရွိရာ ၎တို႔ကို ျပန္ေခၚ၊ ျပန္ထုတ္ရန္ မီးသတ္ဌာနကို အကူအညီေတာင္းရျခင္းမ်ား ရွိခဲ့သည္။

ဇီး၏ စပါးအံုးေျမြမွာ တစ္လလွ်င္ တစ္ၾကိမ္အစာေကၽြးရျပီး ၃ ကီလိုဂရမ္မွ ၆ ကီလိုဂရမ္အၾကားရွိသည့္ ယုန္အေကာင္ၾကီးမ်ား ေကၽြးရသည္။

အေကာင္ငယ္မ်ားမွာမူ တစ္ၾကိမ္ေကၽြးလွ်င္ ရွဥ့္ (သို႔မဟုတ္) ၾကက္ေပါက္တစ္ေကာင္ေကၽြးလွ်င္ရသည္ဟု ဆိုသည္။

“ကၽြန္မအျမင္မွာေတာ့ သူတို႔ဟာ အရမ္းအရမ္းကို ဆြဲေဆာင္မႈရွိတဲ့ သတၱဝါေတြပါပဲ။ သူတို႔ဟာ ကၽြန္မႏွလံုးသားပါ။ သူတို႔ဟာ အရမ္းကို သိမ္ေမြ႔ၾကတယ္။ ကၽြန္မကို ရန္လိုစိတ္နဲ႔ ကိုက္တာမ်ဳိး ဘယ္ေတာ့မွ လုပ္လိမ့္မွာ မဟုတ္ပါဘူး။ သူတို႔ဟာ ကၽြန္မကို ႏွာမႈတ္တာေတြ လုပ္ခ်င္လုပ္မယ္၊ ဘုတ္ခနဲရိုက္ပုတ္တာမ်ဳိးလုပ္ခ်င္လုပ္မယ္၊ ဒါေတြက သူတို႔ဟာသူတို႔ ေနခ်င္တယ္လို႔ အသိေပးတာသာ ျဖစ္ပါတယ္။ ဒါက သူတို႔လုပ္တတ္တဲ့ အဆိုးဆံုးအရာပါ။ ဒါကို ကၽြန္မက လံုးဝစိတ္မဆိုးပါဘူး” ဟု ဇီးက ဆက္လက္ေျပာၾကားသည္။

Unicodeဖြင့်ဖတ်ရန်

ဇီးဟု အမည်ရသော မိန်းကလေးသည် အသက် ၁၄ နှစ်အရွယ်ကပင် အိမ်မွေးတိရ စ္ဆာန်ဆိုင်တစ်ခု၌ မြွေတစ်ကောင်ကို တွေ့ခဲ့ပြီး ဝယ်ယူကာ နေအိမ်သို့ သယ်ဆောင်လာခဲ့သည်။

ယခုအခါ တိရ စ္ဆာန်သူနာပြုတစ်ဦးအဖြစ် သင်တန်းတက်ထားပြီးဖြစ်ကာ အသက် ၂၁ နှစ်ရှိပြီဖြစ်သော ဇီး၏ အိပ်ခန်းအတွင်း မြွေပေါင်း ၁၆ ကောင် ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

မွေးမြူထားသည့် မြွေများတွင် အမြတ်နိုးဆုံးမှာ ၁၆ ပေရှည်လျားသည့် စပါးအုံးမြွေကြီးနှင့် အဝါရောင်စပါးကြီးမြွေတို့ဖြစ်သည်ဟု ဆိုသည်။

အကြိမ်ပေါင်းများစွာ မြွေကိုက်ခံခဲ့ရသော်လည်း ဇင်းက သူချစ်သောတိရ စ္ဆာန်ကလေးများသည် သူ့အား ဆိုးဆိုးရွားရွားထိခိုက် နာကျင်အောင် ပြုလုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်လျက်ရှိသည်။

“ကျွန်မ ရက်သတ္တပတ်တိုင်းနီးပါး အကိုက်ခံရပါတယ်” ဟု ဇီးက ပြောကြားသည်။

မြွေကိုက်နေပြီဆိုလျှင် ထွက်သွားစေလိုပါက အရက်ကို အသုံးချခြင်းသည် အကောင်းဆုံးဖြစ်ပြီး ၎င်းတို့၏ ဦးခေါင်းများကို ရေအောက်သို့ နှစ်ထားရကြောင်း ဇီးက ဆိုသည်။

“မြွေက အကောင်သေးတယ်ဆိုရင် ခဏလောက်ပဲ စောင့်နေပါ။ ခဏနေရင် မကိုင်တော့ဘဲ သူ့ဟာသူ ထွက်သွားပါတယ်။ မြွေတွေဟာ ရှင်တို့ကို သတ်မယ့်သတ္တဝါတွေ မဟုတ်ပါဘူး။ သူတို့ဟာ သိပ်ကို ကြောက်တတ်ကြပါတယ်။ ကျွန်မအချစ်ဆုံး အသည်းကျော်မလေးကတော့ စကားလက်လို့ နာမည်ပေးထားတဲ့ စပါးအုံးမြွေမလေးပါ။ သူက ကျွန်မရဲ့ ပျော်ရွှင်မှု၊ ကျွန်မရဲ့ဂုဏ်ပုဒ်တစ်ခုပါ။ သူ့ကို ကိုင်တွယ်ဖို့က ယောကျ်ားကြီး ၂ ယောက်လောက် လုပ်ရမယ့် အလုပ်မျိုးပါ။ ဒါကို ကျွန်မတစ်ယောက်ထဲ ချီမရတာ တကယ့်ရုန်းကန်ရတဲ့ ကိစ္စတစ်ခုပါ” ဟု ဇီးက ပြောကြားသည်။

ဇီးက အကောင်ကြီးသော မြွေများကို စြင်္ကန်လမ်းတွင် မကြာခဏလွှတ်ပေးလေ့ရှိသည်။ စြင်္ကန်တွင်ဆိုလျှင် မြွေအကောင်ကြီးများမှာ ၎င်းတို့နှစ်သက်သလို လွတ်လပ်စွာ သွားလာနိုင်ကြသည်။

မြွေကြီးများသည် နံရံများပေါ်နှင့် ကြမ်းခင်းများအောက်သို့ ဝင်သွားလေ့ရှိရာ ၎င်းတို့ကို ပြန်ခေါ်၊ ပြန်ထုတ်ရန် မီးသတ်ဌာနကို အကူအညီတောင်းရခြင်းများ ရှိခဲ့သည်။

ဇီး၏ စပါးအုံးမြွေမှာ တစ်လလျှင် တစ်ကြိမ်အစာကျွေးရပြီး ၃ ကီလိုဂရမ်မှ ၆ ကီလိုဂရမ်အကြားရှိသည့် ယုန်အကောင်ကြီးများ ကျွေးရသည်။

အကောင်ငယ်များမှာမူ တစ်ကြိမ်ကျွေးလျှင် ရှဉ့် (သို့မဟုတ်) ကြက်ပေါက်တစ်ကောင်ကျွေးလျှင်ရသည်ဟု ဆိုသည်။

“ကျွန်မအမြင်မှာတော့ သူတို့ဟာ အရမ်းအရမ်းကို ဆွဲဆောင်မှုရှိတဲ့ သတ္တဝါတွေပါပဲ။ သူတို့ဟာ ကျွန်မနှလုံးသားပါ။ သူတို့ဟာ အရမ်းကို သိမ်မွေ့ကြတယ်။ ကျွန်မကို ရန်လိုစိတ်နဲ့ ကိုက်တာမျိုး ဘယ်တော့မှ လုပ်လိမ့်မှာ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်မကို နှာမှုတ်တာတွေ လုပ်ချင်လုပ်မယ်၊ ဘုတ်ခနဲရိုက်ပုတ်တာမျိုးလုပ်ချင်လုပ်မယ်၊ ဒါတွေက သူတို့ဟာသူတို့ နေချင်တယ်လို့ အသိပေးတာသာ ဖြစ်ပါတယ်။ ဒါက သူတို့လုပ်တတ်တဲ့ အဆိုးဆုံးအရာပါ။ ဒါကို ကျွန်မက လုံးဝစိတ်မဆိုးပါဘူး” ဟု ဇီးက ဆက်လက်ပြောကြားသည်။

Credit: MMFeed


0 comments:

Post a Comment