Tuesday, July 31, 2018

၂၄ နာရီအတြင္း မက္ခ္ဇူကာဘတ္ ေဒၚလာ ၁၂ ဘီလ်ံ ဆုံး႐ႈံးခဲ့ရတဲ့အေၾကာင္းရင္း

Zawgyiျဖင့္ဖတ္ရန္

ေဖ့ဘြတ္ခ္ကုမၸဏီကေတာ့ စေတာ့ရွယ္ယာ ေစ်းကြက္သမုိင္းမွာ အဆုိးရြားဆုံးေန႔ ႀကံဳခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ေဖ့ဘြတ္ခ္ ကုမၸဏီရဲ႕ ရွယ္ယာတန္ဖုိး ၁၉ ရာခုိင္ႏႈန္း က်သြားလုိ႔ ကုမၸဏီရဲ႕ ေစ်းကြက္တန္ဖုိးက အေမရိကန္ေဒၚလာ ၁၁၉ ဘီလ်ံ က်ဆင္းသြားခဲ့ပါတယ္။

ဇူလုိင္လ ၂၆ ရက္ေန႔ဟာ အမ်ားပုိင္ ကုမၸဏီအျဖစ္ ရပ္တည္ခဲ့တဲ့ ၆ ႏွစ္တာ ကာလအတြင္း ေဖ့ဘြတ္ခ္ကုမၸဏီအတြက္ အဆုိးရြားဆုံးေန႔ျဖစ္သလုိ အေမရိကန္ စေတာ့ရွယ္ယာေစ်းကြက္ သမုိင္းမွာ တစ္ရက္အတြင္း အႀကီးမားဆုံး တန္ဖုိးက်ဆင္းမႈ ႀကံဳတဲ့ေန႔ပါပဲ။ အဲဒီအတြက္ ေဖ့ဘြတ္ခ္ ကုမၸဏီ အမႈေဆာင္ခ်ဳပ္ မက္ခ္ဇူကာဘတ္လည္း ၂၄ နာရီအတြင္းမွာပဲ ခ်မ္းသာၾကြယ္ဝမႈ အေမရိကန္ေဒၚလာ ၁၂ ဘီလ်ံ နည္းသြားခဲ့ပါတယ္။ မက္ခ္ဇူကာဘတ္ရဲ႕ ခ်မ္းသာၾကြယ္ဝမႈက အေမရိကန္ေဒၚလာ ၇၄ ဘီလ်ံအထိ က်ဆင္းသြားခဲ့လုိ႔ ကမာၻ႔အခ်မ္းသာဆုံး စာရင္းမွာ အဆင့္(၅)ေနရာ ေရာက္သြားခဲ့ပါတယ္။

ေဖ့ဘြတ္ခ္ကုမၸဏီရဲ႕ ဝင္ေငြစီးဆင္းမႈ ေႏွးေကြးလာၿပီး အသုံးစရိတ္ ျမင့္တက္လာႏုိင္တယ္လုိ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြကုိ ေဖ့ဘြတ္ခ္ကုမၸဏီက သတိေပးခဲ့ၿပီးေနာက္ ရွယ္ယာတန္ဖုိး ထုိးက်သြားခဲ့တာပါ။ သတင္းတုေတြနဲ႔ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြ ကုိင္တြယ္ထိန္းသိမ္းပုံနဲ႔ပတ္သက္ၿပီး ေဖ့ဘြတ္ခ္ကုမၸဏီအေပၚ ေဝဖန္စရာ ျဖစ္ခဲ့တဲ့ေနာက္ပုိင္း သူတုိ႔ရဲ႕ ဝင္ေငြစီးဆင္းမႈနဲ႔ပတ္သက္ၿပီး အထက္ပါအတုိင္း သုံးသပ္ခ်က္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ ကၽြမ္းက်င္ပညာရွင္ေတြက ေဖ့ဘြတ္ခ္ လစဥ္အသုံးျပဳသူ အေရအတြက္ ၂.၂၅ ဘီလ်ံရွိမယ္လုိ႔ ခန္႔မွန္းခဲ့ၾကေပမယ့္ လစဥ္အသုံးျပဳသူ ၂.၂၃ ဘီလ်ံပဲ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ဥေရာပတုိက္မွာ ေဖ့ဘြတ္ခ္အသုံးျပဳသူအေရအတြက္က ၃၇၇ သန္းကေန ၃၇၆ သန္းအထိ က်ဆင္းသြားခဲ့ပါတယ္။ အဲဒီလုိ က်ဆင္းရတဲ့အေၾကာင္းအရင္းတစ္ရပ္ကေတာ့ ေယဘုယ်အခ်က္အလက္ ကာကြယ္ေရးနည္းဥပေဒ (General Data Protection Regulation-GDPR) ေၾကာင့္လည္း ပါပါတယ္။

ေမလ ၂၅ ရက္ေန႔မွာ စတင္အက်ဳံးဝင္ခဲ့တဲ့ GDPR နည္းဥပေဒအရ လူမႈကြန္ရက္ ကုမၸဏီေတြအေနနဲ႔ ေၾကာ္ျငာဆုိင္ရာ ရည္ရြယ္ခ်က္အတြက္ ကုိယ္ေရးအခ်က္အလက္ေတြ အသုံးျပဳခ်င္ရင္ အသုံးျပဳသူေတြရဲ႕ သေဘာတူညီမႈ မျဖစ္မေန ေတာင္းခံရမယ္လုိ႔ သတ္မွတ္ထားပါတယ္။ GDPR ကုိ မလုိက္နာတဲ့ ကုမၸဏီေတြကေတာ့ ကမာၻလုံးဆုိင္ရာ ဝင္ေငြရဲ႕ ၄ ရာခုိင္ႏႈန္း ဒဏ္႐ုိက္ခံရမွာပါ။

ေဖ့ဘြတ္ခ္အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြ ေပါက္ၾကားခဲ့တဲ့
Cambridge Analytica အ႐ႈပ္ေတာ္ပုံ ေပၚေပါက္ခဲ့ၿပီးေနာက္ပုိင္း ေဖ့ဘြတ္ခ္ကုမၸဏီရဲ႕ အတြင္းစည္းဝင္ ရွယ္ယာရွင္ ၈ ဦးက စုစုေပါင္း အေမရိကန္ေဒၚလာ ၃.၉ ဘီလ်ံ တန္ဖုိးရွိတဲ့ စေတာ့ရွယ္ယာေတြ ထုတ္ေရာင္းခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီ ရွယ္ယာ ေရာင္းခ်မႈေတြက ႀကိဳတင္ျပင္ဆင္ၿပီး ေရာင္းခ်ခဲ့တာလုိ႔ Bloomberg မီဒီယာက ေဖာ္ျပပါတယ္။

ေဖ့ဘြတ္ခ္ကုမၸဏီဟာ ေရးသားေဖာ္ျပမႈ အေၾကာင္းအရာေတြကုိ ေစာင့္ၾကည့္မႈ၊ ေၾကာ္ျငာရွင္ေတြကုိ ေျခရာခံစုံစမ္းမႈ၊ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကုိ ကုိင္တြယ္မႈ စတဲ့ အပုိင္းေတြမွာ တုိးတက္ေကာင္းမြန္လာေစဖုိ႔အတြက္ အသုံးစရိတ္ ၅၀ ရာခုိင္ႏႈန္းအထက္ ပုိသုံးဖုိ႔ရွိေနတယ္လုိ႔ ေျပာထားပါတယ္။

ေဖ့ဘြတ္ခ္ကုမၸဏီရဲ႕ ရွယ္ယာတန္ဖုိး က်ဆင္းမႈက တျခားလူမႈကြန္ရက္ စာမ်က္ႏွာေတြကုိလညး္ ႐ုိက္ခတ္မႈရွိခဲ့ပါတယ္။ ေဖ့ဘြတ္ခ္လုိပဲ ေဝဖန္မႈေတြ ႀကံဳခဲ့ရတဲ့ တြစ္တာကုမၸဏီရဲ႕ ရွယ္ယာတန္ဖုိးက ၃ ရာခုိင္ႏႈန္းနီးပါး က်ဆင္းသြားခဲ့ၿပီး ဂူဂဲလ္ (Google) နဲ႔ ယူက်ဴ႕ (YouTube) ကုိ ပုိင္ဆုိင္တဲ့
အယ္လ္ဖာဘတ ္(Alphabet) ကုမၸဏီရဲ႕ ရွယ္ယာတန္ဖုိးကလည္း ၀.၇၅ ရာခုိင္ႏႈန္း က်ဆင္းခဲ့ပါတယ္။

Unicodeဖြင့်ဖတ်ရန်

ဖေ့ဘွတ်ခ်ကုမ္ပဏီကတော့ စတော့ရှယ်ယာ ဈေးကွက်သမိုင်းမှာ အဆိုးရွားဆုံးနေ့ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဖေ့ဘွတ်ခ် ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး ၁၉ ရာခိုင်နှုန်း ကျသွားလို့ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁၉ ဘီလျံ ကျဆင်းသွားခဲ့ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ဟာ အများပိုင် ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း ဖေ့ဘွတ်ခ်ကုမ္ပဏီအတွက် အဆိုးရွားဆုံးနေ့ဖြစ်သလို အမေရိကန် စတော့ရှယ်ယာဈေးကွက် သမိုင်းမှာ တစ်ရက်အတွင်း အကြီးမားဆုံး တန်ဖိုးကျဆင်းမှု ကြုံတဲ့နေ့ပါပဲ။ အဲဒီအတွက် ဖေ့ဘွတ်ခ် ကုမ္ပဏီ အမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်လည်း ၂၄ နာရီအတွင်းမှာပဲ ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ နည်းသွားခဲ့ပါတယ်။ မက်ခ်ဇူကာဘတ်ရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၇၄ ဘီလျံအထိ ကျဆင်းသွားခဲ့လို့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ အဆင့်(၅)နေရာ ရောက်သွားခဲ့ပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ဝင်ငွေစီးဆင်းမှု နှေးကွေးလာပြီး အသုံးစရိတ် မြင့်တက်လာနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို ဖေ့ဘွတ်ခ်ကုမ္ပဏီက သတိပေးခဲ့ပြီးနောက် ရှယ်ယာတန်ဖိုး ထိုးကျသွားခဲ့တာပါ။ သတင်းတုတွေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ကိုင်တွယ်ထိန်းသိမ်းပုံနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ခ်ကုမ္ပဏီအပေါ် ဝေဖန်စရာ ဖြစ်ခဲ့တဲ့နောက်ပိုင်း သူတို့ရဲ့ ဝင်ငွေစီးဆင်းမှုနဲ့ပတ်သက်ပြီး အထက်ပါအတိုင်း သုံးသပ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက် ကျွမ်းကျင်ပညာရှင်တွေက ဖေ့ဘွတ်ခ် လစဉ်အသုံးပြုသူ အရေအတွက် ၂.၂၅ ဘီလျံရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လစဉ်အသုံးပြုသူ ၂.၂၃ ဘီလျံပဲ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဥရောပတိုက်မှာ ဖေ့ဘွတ်ခ်အသုံးပြုသူအရေအတွက်က ၃၇၇ သန်းကနေ ၃၇၆ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီလို ကျဆင်းရတဲ့အကြောင်းအရင်းတစ်ရပ်ကတော့ ယေဘုယျအချက်အလက် ကာကွယ်ရေးနည်းဥပဒေ (General Data Protection Regulation-GDPR) ကြောင့်လည်း ပါပါတယ်။

မေလ ၂၅ ရက်နေ့မှာ စတင်အကျုံးဝင်ခဲ့တဲ့ GDPR နည်းဥပဒေအရ လူမှုကွန်ရက် ကုမ္ပဏီတွေအနေနဲ့ ကြော်ငြာဆိုင်ရာ ရည်ရွယ်ချက်အတွက် ကိုယ်ရေးအချက်အလက်တွေ အသုံးပြုချင်ရင် အသုံးပြုသူတွေရဲ့ သဘောတူညီမှု မဖြစ်မနေ တောင်းခံရမယ်လို့ သတ်မှတ်ထားပါတယ်။ GDPR ကို မလိုက်နာတဲ့ ကုမ္ပဏီတွေကတော့ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်း ဒဏ်ရိုက်ခံရမှာပါ။

ဖေ့ဘွတ်ခ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့
Cambridge Analytica အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ အတွင်းစည်းဝင် ရှယ်ယာရှင် ၈ ဦးက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၉ ဘီလျံ တန်ဖိုးရှိတဲ့ စတော့ရှယ်ယာတွေ ထုတ်ရောင်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရှယ်ယာ ရောင်းချမှုတွေက ကြိုတင်ပြင်ဆင်ပြီး ရောင်းချခဲ့တာလို့ Bloomberg မီဒီယာက ဖော်ပြပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ ရေးသားဖော်ပြမှု အကြောင်းအရာတွေကို စောင့်ကြည့်မှု၊ ကြော်ငြာရှင်တွေကို ခြေရာခံစုံစမ်းမှု၊ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကိုင်တွယ်မှု စတဲ့ အပိုင်းတွေမှာ တိုးတက်ကောင်းမွန်လာစေဖို့အတွက် အသုံးစရိတ် ၅၀ ရာခိုင်နှုန်းအထက် ပိုသုံးဖို့ရှိနေတယ်လို့ ပြောထားပါတယ်။

ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုး ကျဆင်းမှုက တခြားလူမှုကွန်ရက် စာမျက်နှာတွေကိုလည်း ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဖေ့ဘွတ်ခ်လိုပဲ ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့ တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက ၃ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး ဂူဂဲလ် (Google) နဲ့ ယူကျူ့ (YouTube) ကို ပိုင်ဆိုင်တဲ့
အယ်လ်ဖာဘတ ်(Alphabet) ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးကလည်း ဝ.၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
Ref: Dailymail & BBC
Credit: Nz (႐ုိးရာေလး)
www.yoyarlay.com

0 comments:

Post a Comment