Tuesday, July 31, 2018

အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ဘရာဇီယာပြဿနာ အဖြေရှာ

အမျိုးသမီးများအတွက် မရှိမဖြစ် အသုံးအဆောင်တစ်ခုဖြစ်တဲ့ ဘရာဇီယာအကြောင်းနဲ့ ပတ်သတ်ပြီး ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးချင်ပါတယ်။ ဘရာဇီယာဝတ်ခြင်းက ကျန်းမာရေးနဲ့ အလှအပအတွက် ပံ့ပိုးပေးနိုင်သလို၊ တစ်ဖက်မှာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘရာဇီယာပြဿာနာတွေကလည်း ရှိနေပါတယ်။ ဒီပြဿနာကို အဖြေရှာဖို့အတွက် အမျိုးသမီးတိုင်း သိထားသင့်တဲ့ ဘရာဇီယာဝတ်သင့်တဲ့အကြောင်း၊ ဘယ်အချိန်မှာ မဝတ်သင့်တဲ့အကြောင်းနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတဲ့ ဘရာကို ဘယ်လိုရွေးချယ်ဝတ်ဆင်ရမလဲ ဆိုတာတွေကိုလည်း အကြံပေးထားပါတယ်။

ဘရာကို ၂၄ နာရီပတ်လုံး ဝတ်ထားသင့်သလား

Image result for ááá¬áá®áá¬

ကိုယ့်ရဲ့ အရှက်တရားကို ဖုံးကွယ်ပေးတဲ့ ဘရာကို ၂၄ နာရီလုံး ဝတ်ထားဖို့ လိုလားဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ပြန်မေးဖူးကြမယ် ထင်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ နေသာထိုင်သာရှိမှု အပေါ် မူတည်ပြီး ကွဲပြားခြားနားမှု ရှိပါလိမ့်မယ်။ ညအိပ်ရာဝင်တဲ့အချိန်မှာ တချို့တွေက ဘရာကို ချွတ်အိပ်တတ်ကြ ပါတယ်။ ဒါကလည်း ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပေမယ့် ရင်သားတွဲကျတာ၊ ပုံပျက်တာ မျိုး အလှပျက်သွားမှာကို စိုးရိမ်တဲ့သူတွေကျတော့ ဘရာကို ဝတ်အိပ်တတ်ကြပါတယ်။ ဒီလို ဘရာကို ဝတ်အိပ်တတ်သူတွေအနေနဲ့ Non-wired bra ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ Wired ပါတဲ့ ဘရာတွေက သင့်ကျန်းမာရေးကို ထိခိုက်စေပြီးတော့ ညအိပ်တဲ့အခါမှာလည်း သက်တောင်သက်သာ မဖြစ်စေပါဘူး။ ဒီတော့.. ၂၄ နာရီပတ်လုံး ဘရာကိုဝတ်ထားသင့်လား ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် အဖြေချင်းတူကြမှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ ရင်သားကို Support ပေးမယ့် ဘရာရွေးချယ်နည်း

Related image

ရင်သားကြီးတဲ့ ပျိုမေတွေအနေနဲ့တော့ ပုံစံခွက်မပါတဲ့ bralettes ဘရာတွေကို မရွေးချယ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်ရင်သားဝိတ်ကို ထိန်းပေးနိုင်မှာမဟုတ်ဘဲ ရင်သားတွဲကျခြင်းမျိုး ဖြစ်သွားတတ်တဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် ရင်သားကြီးတဲ့သူတွေက ပုံစံခွက်မပါတဲ့ Well-fitted Underwired bra မျိုးကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ရင်သားသေးသူတွေကျတော့ bralettes ဘရာကို ဝတ်ဆင်နိုင်ပေမယ့် ကိုယ့်ရဲ့ ရင်သား Structure ကို ထိန်းချင်တယ်၊ Shape ပေါ်ချင်တယ် ဆိုရင်တော့ ကိုယ့်ဆိုဒ်နဲ့ သင့်တော်မယ့် ပုံစံခွက်ပါ ဘရာမျိုးကို ရွေးချယ်လိုက်ပါလို့ အကြံပြုပါရစေ။

ဘရာမဝတ်ခြင်းက သင့်ရင်သားကို တွဲကျစေသလား

Image result for ááá¬áá®áá¬

ဒီမေးခွန်းရဲ့ အဖြေကိုတော့ တိတိကျကျ မပြောနိုင်ဘူးဆိုပေမယ့် ရင်သားတွဲကျခြင်း၊ မတွဲကျခြင်းဆိုတာက ကိုယ့်ရဲ့ နေထိုင်သွားလာမှု ပုံစံနဲ့ အသက်အရွယ်ကြောင့်လည်း ဆိုင်တယ်လို့ ဆိုထားပါတယ်။ အသက်အရွယ်ကြီးလာတဲ့သူတိုင်း ရင်သားတွဲကျတဲ့ ပြဿနာကို ကြုံတွေ့ရပြီး အနည်းနဲ့ အများသာ ကွာခြားမှု ရှိကြတာပါ။ ဒီတော့ ဘရာမဝတ်တာက သင့်ရဲ့ ရင်သားကို တွဲကျစေတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ချိန်၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ချိန် တွေမှာ ကိုယ့်ရင်သားကို support ပေးမယ့် Sport bra တွေကို မဝတ်ထားဘူးဆိုရင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရင်သားတွဲကျခြင်းမျိုး ကြုံတွေ့ရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Underwired Bra က ကျန်းမာရေးကို ထိခိုက်စေသလား

Image result for ááá¬áá®áá¬

Wired ပါတဲ့ ဘရာတွေကို ဝတ်မယ်ဆိုရင် အထူးသတိထားရမှာက အဲ့ဒီWired တန်းကြီးက သင့်ရဲ့ ရင်သားကို နာကျင်နေစေတာမျိုး မဖြစ်စေဘဲ သက်တောင့်သက်သာ ဖြစ်နေဖို့ လိုပါတယ်။ မာကြောတောင့်တင်းတဲ့ Wired bra တွေက သင့်ရဲ့ ရင်သားတစ်ဝိုက်က ဆဲလ်တစ်ရှူးတွေ ရှင်သန်ကြီးထွားဖို့ နှေးကွေးစေပြီး သွေးလည်ပတ်မှု နှောင့်နှေးစေတာက သင့်အတွက် ကျန်းမာရေး ထိခိုက်လာနိုင်တဲ့ ပြဿနာပါပဲ။ ဒါ့ကြောင့် Underwired bra ဝတ်လိုက်ရင် ကျန်းမာရေးအတွက် လုံးဝမကောင်းဘူးလို့ မှတ်ချက်မပြုနိုင်ပေမယ့် သက်တောင့်သက်သာဖြစ်မယ့် ကျုံ့နိုင်၊ ချဲ့နိုင်မယ့် Flexible Wired မျိုးနဲ့ ပြုလုပ်ထားတဲ့ ဘရာကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ပဲ လိုတာပါ။

ဘရာမှာ Expired Date ရှိသလား

Related image

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ယေဘုယျအားဖြင့် ဘရာကို ၆လလောက်ဝတ်ပြီးရင် လွှင့်ပစ်သင့်ပြီ လို့ အကြံပြုထားပါတယ်။ ဘရာတွေမှာ Expired Date ဆိုတာမျိုး တိတိကျကျ မရှိပေမယ့် ဟောင်းနွမ်း စုတ်ပြဲသွားတဲ့အခါ၊ ပုံစံခွက်ယိုယွင်းသွားတဲ့အခါ၊ ဝတ်ရတာ သက်တောင့်သက်သာ မရှိတော့တဲ့ အခါတွေမှာသာ Expired ဖြစ်ပြီလို့ အများစုက သတ်မှတ်ကြပါတယ်။ ခြောက်လလောက် ဝတ်ဆင်ပြီးသွားတာတောင် စုတ်ပြတ်ဟောင်းနွမ်းသွားခြင်း မရှိဘူးဆိုရင်တောင်မှ ဒီဘရာကို ဆက်လက် မဝတ်ဆင်သင့်တော့ပါဘူး။ ဘာလို့ လဲဆိုတော့ သူ့မှာပါဝင်တဲ့ Wired တွေ၊ ပုံစံခွက် တွေက သင့်ရဲ့ ရင်သားအလှကို ထိန်းထားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ပြီး ဘရာကို နှစ်ကြိမ် လောက်ဝတ်ပြီးတာနဲ့ လျှော်ဖွပ်သင့်ပါတယ်။ စက်နဲ့ လျှော်တာထက် လက်နဲ့ လျှော်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ရွှေရောင် (ရွှေအင်းလေး)


0 comments:

Post a Comment